![](https://static.wixstatic.com/media/405022_9d2029f1e3c6453fb777a44418c2e820~mv2.jpg/v1/fill/w_972,h_360,al_c,q_80,usm_0.66_1.00_0.01,enc_avif,quality_auto/405022_9d2029f1e3c6453fb777a44418c2e820~mv2.jpg)
ရည်ရွယ်ချက်
မြန်မာ့ပယင်းနှင့်ပတ်သက်၍ စူးစမ်းလေ့လာနိုင်ဖို့ရန် အခွင့်အလမ်းများမျှဝေခြင်း
မြန်မာပယင်းသည် ကမ္ဘာပေါ်၌ အကျော်ကြားဆုံးနှင့် လူအများမက်မောသော သဘာဝသယံဇာတခုအဖြစ် တန်ဖိုးထားအပ်သည့် ရတနာတစ်ပါး ဖြစ်ပါသည်။
Eve အမည်ရှိ ပယင်းထဲမှ
အကောင်လေးတစ်ကောင်၏
ထူးခြားဆန်းကြယ်သော ဇာတ်လမ်းလေးတစ်ပုဒ် ရှိခဲ့ပါတယ်။
![Eve](https://static.wixstatic.com/media/405022_75b76bd1c1554a3090a478e3f1c51712~mv2_d_1697_1284_s_2.jpg/v1/fill/w_289,h_219,al_c,q_80,usm_0.66_1.00_0.01,enc_avif,quality_auto/OI000223.jpg)
Eve
မြန်မာ့ပယင်းကို ဘယ်လိုကြောင့် မြတ်နိုးမိသွားတာလဲ?
စိန်တစ်လုံးကိုကြည့်လိုက်တဲ့အခါ ဘယ်သူမဆို တလက်လက်ရောင်ပြန်ဟပ်နေတဲ့ ရောင်ခြည်တွေကြားမှာ ပျော်မွေ့နိုင်ကြသလိုပါပဲ။ ကမ္ဘာထိပ်တန်း စိန်အရောင်းဝယ်ကုမ္မဏီတစ်ခုဖြစ်တဲ့ "DeBeers" အမည်ရှိလုပ်ငန်းကြီးတစ်ခုမှာ အလုပ်လုပ်နေကြတဲ့ အရောင်းမြှင့်တင်ရေးဆိုင်ရာ ဝန်ထမ်းတွေကလည်း စိန်ရဲ့တလက်လက်တောက်ပနေတဲ့အလှကနေတဆင့် လူတိုင်းရဲ့စိတ်နှလုံးသားကို ဖမ်းစားနိုင်ဖို့အတွက် ကြိုးပမ်းနေကြတာပါ။ တကယ်တော့ လူတွေကိုယ်၌ကလည်း အေးမြတဲ့ကျောက်တလုံးသာသာအတွက်ကို အမြတ်တနိုးတန်ဖိုးထား ဈေးကောင်းပေးဝယ်ပြီး အလှဆင်နေကြတုန်းပဲ မဟုတ်ပါလား။ ဘယ်လိုမဆို စိန်တွေကတော့ တသက်စာပါပဲဆိုပြီး ပြောလေ့ဆိုလေ့ရှိကြပါတယ်။
![Myanmar Amber Museum](https://static.wixstatic.com/media/2e81b2ffd8ac474e86cb81af721a5daf.jpg/v1/fill/w_168,h_118,al_c,q_80,usm_0.66_1.00_0.01,enc_avif,quality_auto/Diamond.jpg)
အို ဘယ်လောက်များ လွဲမှားနေကြပြီလဲ !
ပယင်းကတဖက်ကပြန်ကြည့်လိုက်ရင် တကယ်တော့ စိန်ကမပေးစွမ်းနိုင်တဲ့ အနှစ်သာရအမြောက်အများကို ပိုင်ဆိုင်ထားတဲ့ ကျောက်မြတ်ရတနာ တစ်ခုပါ။ အေးစက်နေတဲ့ကျောက်ခဲတစ်ခဲဆိုတာနဲ့ အင်မတန်မှ ကွာဟပါတယ်။
![Myanmar Amber Museum](https://static.wixstatic.com/media/405022_538c090a57924e1cb42acb5f1d85d2cc~mv2.jpg/v1/fill/w_213,h_259,al_c,q_80,usm_0.66_1.00_0.01,enc_avif,quality_auto/OI000329.jpg)
ပယင်းကိုတကယ်တမ်းလက်ထဲထည့်ပြီး ကိုင်ကြည့်လိုက်တဲ့အခါ ဒီကျောက်ကပေးတဲ့ အနှစ်သာရကြောင့် သင်အငိုက်မိသွားမှာ သေချာပါတယ်။ ပယင်းကျောက်တစ်လုံးကို လက်တစ်ဖက်မှာကိုင်ပြီး ကျန်နောက်လက်တစ်ဖက်ထဲမှာ မှန် သို့မဟုတ် ပလတ်စတစ်အပိုင်းစတစ်ခုခုကို တပြိုင်နက်တည်း ကိုင်ပြီးခံစားကြည့်ပါ။ ပယင်းကပေးစွမ်းတဲ့ အနွေးဓာတ်ရဲရဲလေးကို ဆုပ်ကိုင်ထားတဲ့လက်ကနေတဆင့် သိသိသာသာ ချက်ချင်းဆိုသလို ခံစားမိပါလိမ့်မယ်။
နုညံ့သိမ်မွေ့တဲ့ အထိအတွေ့ကိုလည်းခံစားရသလို ခန္ဓာကိုယ်မှာလိမ်းတဲ့ lotion ရည်ပမာ ပယင်းကနေ ချောမွတ်တဲ့ အရသာကိုလည်း ခံစားမိမှာပါ။ အထိအတွေကိုယ်တိုင်က လူကိုတကယ်စိတ်စွဲစေပါတယ်။
နောက်ထပ်ပြောပြချင်တာက မြန်မာပြည်ကနေတူးဖော်ထားတဲ့ Burmite Amber ခေါ် မြန်မာ့ပယင်းဟာဆိုရင် သာမန်ပယင်းတွေအနက် ထိတွေ့ခံစားရတဲ့ အထိအတွေ့ကအစ သိပ်ကိုကွဲပြားလွန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ့ပယင်းက တခြားနိုင်ငံတွေကထွက်တဲ့ပယင်းတွေထက် သက်တမ်းအားဖြင့် အနည်းဆုံးနှစ်ဆလောက် ကို သက်တမ်းပိုရင့်ပါတယ်။သက်တမ်းအရင့်ဆုံး မြန်မာ့ပယင်းဟာ နှစ်ပေါင်း ၉၉,၀၀၀,၀၀၀ (၉၉သန်း) ကြာမြင့်ချိန်တွင် အခြားပယင်းတွေက နှစ်သန်းပေါင်း ၃၀ မှ ၄၀ သာ သက်တမ်းကြာမြင့်ပါတယ်။ ကျောက်သွေးလို့ရတဲ့ ကျောက်မြတ်ရတနာအနည်းစုထဲမှာမှ မြန်မာ့ပယင်းကသာ အံ့သြလောက်စွာ ပုံဖော်ထုဆစ်လို့ရတဲ့ပယင်းအမျိုးစားတစ်မျိုးပဲဖြစ်ပါတယ်။ ပယင်းသဘောဟာ ကွဲလွယ်ကြေလွယ်တဲ့ကျောက်ဖြစ်ပေမဲ့ မြန်မာ့ပယင်းကျတော့ ထိမိခိုက်မိလို့လွတ်ကျသွားရင်တောင် တော်ရုံနဲ့ မကျိုးပဲ့နိုင်ပါဘူး။ သိပ်ထူးခြားတဲ့ မြန်မာ့ပယင်းရဲ့အချက်လက်တွေထဲမှာ နောက်တစ်ချက်ဟာ ကျောက်စတည်ချိန်ကျောက်အတွင်းနစ်မြုပ်ပါဝင်လာတဲ့ အကောင်နဲ့အစနတွေက ဟိုးရှေးခေတ်ဒိုင်နိုဆော (Dinosaur) တွေသက်ရှိထင်ရှားရှိစဉ်ကတည်းက ကျောက်အဖြစ် စတည်ခဲ့တာပဲဖြစ်ပါတယ်။
မြန်မာ့ပယင်းအပေါ် စုဆောင်းသူတို့ ကျောက်မြတ်ရတနာစိတ်ဝင်စားသူတို့အဖို့ ဒီဇိုင်းပိုင်းဆိုင်ရာကနေ ပြန်သုံးသပ်ကြည့်တဲ့အခါ ကာလာအမျိုးမျိုး ပုံသဏ္ဍန်အမျိုးမျိုး အရောင်အဆင်းပေါင်းစုံနဲ့သဘာဝအရ ဖြစ်တည်နေတာကိုတွေ့ရပါတယ်။ အဝါရောင် အညိုအရင့်/နုရောင်နဲ့ လိမ္မော်ရောင်တို့ဟာ ပယင်းအများစုမှာ မြင်လေ့မြင်ထရှိတဲ့ ကျောက်အရောင်တွေပဲဖြစ်ပါတယ်။ မြန်မာ့ပယင်းကိုတမူထူးစေတဲ့ တကယ့်ရှားပါးအရောင်တွေကတော့ အနီရဲရဲတို့အပြာရောင်တို့လက်ဖက်စိမ်းရောင်တို့ပဲဖြစ်ပါတယ်။
![Myanmar Amber](https://static.wixstatic.com/media/405022_99f02626ffa4428abf4b73ad93956766~mv2.jpg/v1/fill/w_595,h_295,al_c,q_80,usm_0.66_1.00_0.01,enc_avif,quality_auto/OI000255.jpg)
စေ့စေ့ပေါက်ပေါက် သေချာလေ့လာကြည့်မယ်ဆိုရင် ပယင်းက ကိုယ်ပိုင်ရနံ့ပိုင်ဆိုင်ထားတာကို တွေ့ရပါလိမ့်မယ်။ ပယင်းမှာ မြေသင်းနံ့နဲ့သစ်ခေါက်ကရတဲ့ရနံ့နှစ်မျိုး ပေါင်းစပ်ထားတဲ့ ကိုယ်ပိုင်သဘာဝရနံ့ကို ပိုင်ဆိုင်ထားတာပါ။ မြန်မာပြည်က ဒေသခံတွေကိုယ်တိုင်လည်း ညအိပ်ရာဝင်ချိန် ခေါင်းအုံးအနေနဲ့ အိပ်စက်နိုင်အောင် ပယင်းခေါင်းအုံးများ ထုတ်လုပ်ကြပါတယ်။ ခေါင်းအုံးလုပ်ရာမှာလည်း ကျောက်သွေးရာကနေ ပိုကျန်နေတဲ့ ပယင်းအပိုင်းအစတွေကို ထပ်သေးအောင်ကျိတ်ပြီး ချုပ်ပြီးသားခေါင်းအုံးစွပ်ထဲမှာထည့်သိပ်လေ့ရှိကြပါတယ်။ ဒီအပေါ်မှာလှဲကြည့်လိုက်တဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားလောက်အောင်ကို ရနံ့ကအထောက်ကူပြုပေးတာကို တွေ့ရပါတယ်။
ပယင်းကိုလူအများစုက ကျန်းမာရေးအတွက် အထောက်ကူပြု တဲ့ကျောက်အဖြစ်နဲ့ သိထားကြပါတယ်။ ဒါကြောင့်မို့ပယင်းထုတ်ကုန်များအဖြစ်နဲ့ပယင်းပရုတ်ဆီ ပယင်းဆပ်ပြာနဲ့ပယင်းခရင်မ်တို့ကိုလည်း ဈေးကွက်ထဲမှာတွေ့ရှိနိုင်ပါတယ်။
မြန်မာ့ပယင်းကိုတကယ်မြတ်နိုးမိစေတာက ပယင်းကျောက်တွေထဲက အကောင်တွေနဲ့စနတွေပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ပင့်ကူတွေ ခရုတွေ နဲ့အိမ်မြှောင်တွေဆိုတာ တကယ့်သက်တမ်းရင့်မျိုးစိတ်တွေဖြစ်ပြီး ယနေ့ခေတ်အင်းဆက်တွေနဲ့အစိတ်အပိုင်းဖွဲ့စည်းပုံများ မတူတော့ပေ။
ကနဦးမျိုးစိတ်များနဲ့မိတ်ဆက်ပေးပါရစေ
ထိုခေတ်အခါသို့သာ ယခုရောက်သွားလျှင် လက်ရှိတွေ့နေမြင်နေသော တေးဆိုငှက်လေးသည် အကောင်အသေးလေးမဟုတ်ဘဲ သိန်းငှက်တစ်ကောင်ကဲ့သို့ အမြင့် ၆ပေရှိတဲ့ အရိုးဖွဲ့စည်းပုံအတိုင်းတွေ့မြင်ရမှာဖြစ်ပါတယ်။ အင်းဆက်ဆိုတဲ့ ပိုးမွှားတွေကလည်း ခြ အကောင်အရွယ် အချိုးအစား ကနေစပြီး လက်တဖဝါးစာရှိတဲ့ ခြေးထိုးပိုးကောင်အရွယ်တွေနဲ့ရှင်သန်နေခဲ့တာဖြစ်ပါတယ်။ ထိုခေတ်အခါတုန်းက ကြွက်နဲ့လင်းနို့များကသာ အသေးမွှားဆုံးနို့တိုက်သတ္တဝါတွေဖြစ်ပြီး အကြီးဆုံးနိုးတိုက်သတ္တဝါကတော့ ဝေလငါးပဲဖြစ်ပါတယ်။
အခုချိန်မှာကမ္ဘာကြီးနဲ့ပက်သက်ပြီး သင်သိထားခဲ့သမျှအားလုံးကို ပြတင်းပေါက်ကသာ လွင့်ပစ်လိုက်ပါတော့။
လွန်ခဲ့သော နှစ်ပေါင်း (၂၀၀) လောက်ကို ပြန်ရောက်သွားပြီ ဆိုပါစို့။ လျှပ်စစ်မီးတို့ ကား လေယာဉ်ပျံ တွေနဲ့ခေတ်မှီဆေးဝါးတွေ မရှိသေးခင်ကပေါ့။ နှစ်ပေါင်း (၂၀၀၀) ဆို တကယ်လက်လှမ်းမမှီတော့တဲ့ ရှေ့ခေတ်ကာလဖြစ်သွားပြီ။
Meet the Inhabitants
![Cretaceous park, Real jurassic park](https://static.wixstatic.com/media/405022_4f641bd48f0348b4aa96ef652d6331e7~mv2.jpg/v1/fill/w_491,h_736,al_c,q_85,enc_avif,quality_auto/viber%20image3_edited.jpg)
လွန်ခဲ့သော နှစ်သန်းပေါင်း ၂,၀၀၀,၀၀၀ မှာ ဖြစ်တည်ခဲ့တဲ့မြင်ကွင်းကို ပုံပေါ်အောင်ရှင်းပြဖို့ဆိုတာ အင်မတန်မှခက်ခဲပါတယ်။ နှစ်ပေါင်း (၆၅)သန်းမှ သန်းပေါင်း(၁၄၀)အတွင်းမှာ သက်ရှိထင်ရှားရှိနေခဲ့တဲ့ ဒိုင်နိဆောမျိုးစိတ်တွေနဲ့အတူ ကိုယ်သာဆို ထိုခေတ်အခါမှာ ဘယ်လိုများရပ်တည်လေမလဲဆိုပြီး တွေးမိပါသေးတယ်။ ထိုကာလရဲ့မြင်ကွင်းကိုတော့ Jurassic Park ကနေတဆင့် ပုံဖော်ပေးထားတာပါ။ ဒါကြောင့်မလို့ နှစ်သန်း ၁၀၀လို့ ဆိုလိုက်တာနဲ့အမျှ Jurassic Park ထဲမှာ ကြီးမားတဲ့ ဒိုင်နိုဆောမျိုးစိတ်ပေါင်းများစွာ ရှင်သန်ကျက်စားနေတာကို အတွေးထဲ မြင်မိပါလိမ့်မယ်။
ထိုကာလအတွင်းမှာ တွေ့မြင်နေရတဲ့တောအုပ်ဆိုတာ ကျွနှ်ပ်တို့ သက်တမ်းတလျောက် တစ်ခါမှမမြင်ဖူးတဲ့ အထူးအဆန်းသစ်ပင်ပန်းပင်တွေနဲ့စုံလင်နေတာကို အံ့အားသင့်စွာတွေ့မြင်ရမှာပါ။ သေကြေပျက်စီးခဲ့ရတာ အပင်တစ်ခုထဲမဟုတ်သေးပါဘူး။ တိရိစ္ဆာန်တွေနဲ့ အင်းဆက်မြောက်များစွာသည်လည်း လွန်ခဲ့သောနှစ်သန်း ၁၀၀ တုန်းက ပျက်စီးဆွေးမြေ့ပြီး အပင်တွေနဲ့အတူ မျိုးတုန်းခဲ့ရတာပါ။ ယနေ့ခေတ်အခါမှာ ဒီမျိုးစိတ်တွေကို ကိုယ်တိုင် ကိုင်တွယ်ကြည့်နိုင်ဖို့ဆိုတာ မြန်မာ့ပယင်းတစ်မျိုးထဲမှာသာလျှင် တွေ့နိုင်တော့တာဖြစ်ပါတယ်။ အောက်မှာမြင်တွေ့ရမဲ့အကောင်တွေဟာ နှစ်သန်းပေါင်းများစွာက အသက်ရှင်နေခဲ့ပြီး မြန်မာ့ပယင်းကျောက်ထဲ၌ ပိတ်မိခံခဲ့ရသော ထူးခြားမျိုးစိတ်တွေပဲဖြစ်ပါတယ်။
Here are a few samples of inclusions from our museum
![](https://static.wixstatic.com/media/405022_ec4b070b99c8400a879035058fc0185b~mv2_d_1688_1441_s_2.jpg/v1/fill/w_344,h_293,q_90/405022_ec4b070b99c8400a879035058fc0185b~mv2_d_1688_1441_s_2.jpg)
![](https://static.wixstatic.com/media/405022_aff33069e5964f049c00ec3cdd2f6f02~mv2.jpg/v1/fill/w_247,h_293,q_90/405022_aff33069e5964f049c00ec3cdd2f6f02~mv2.jpg)
![](https://static.wixstatic.com/media/405022_df619ca29e2f4a809bfcea91bd7f820e~mv2_d_2604_2073_s_2.jpg/v1/fill/w_369,h_293,q_90/405022_df619ca29e2f4a809bfcea91bd7f820e~mv2_d_2604_2073_s_2.jpg)
![](https://static.wixstatic.com/media/405022_fc6d0fa7a32d44c9bcb70dec9438ccff~mv2_d_2025_2256_s_2.jpg/v1/fill/w_390,h_435,q_90/405022_fc6d0fa7a32d44c9bcb70dec9438ccff~mv2_d_2025_2256_s_2.jpg)
![](https://static.wixstatic.com/media/405022_cc8917e1d1af4fab8825c06cf59f470e~mv2_d_2048_1536_s_2.jpg/v1/fill/w_580,h_435,q_90/405022_cc8917e1d1af4fab8825c06cf59f470e~mv2_d_2048_1536_s_2.jpg)
![](https://static.wixstatic.com/media/405022_5e48297ab0b847918288937500f8618a~mv2_d_2048_1536_s_2.jpg/v1/fill/w_413,h_310,q_90/405022_5e48297ab0b847918288937500f8618a~mv2_d_2048_1536_s_2.jpg)
![](https://static.wixstatic.com/media/405022_d83780b099c3493c93e1d4489322c692~mv2_d_1536_2048_s_2.jpg/v1/fill/w_232,h_310,q_90/405022_d83780b099c3493c93e1d4489322c692~mv2_d_1536_2048_s_2.jpg)
![](https://static.wixstatic.com/media/405022_8dc1d92103cd4c75805772d93cfdfa64~mv2_d_1560_1536_s_2.jpg/v1/fill/w_316,h_310,q_90/405022_8dc1d92103cd4c75805772d93cfdfa64~mv2_d_1560_1536_s_2.jpg)
![](https://static.wixstatic.com/media/405022_27fdfe70d426401d9b13f4da4a158934~mv2_d_1689_1346_s_2.jpg/v1/fill/w_424,h_338,q_90/405022_27fdfe70d426401d9b13f4da4a158934~mv2_d_1689_1346_s_2.jpg)
![](https://static.wixstatic.com/media/405022_831218e32f1c4238b39ee74f3302aa84~mv2_d_1536_1753_s_2.jpg/v1/fill/w_296,h_338,q_90/405022_831218e32f1c4238b39ee74f3302aa84~mv2_d_1536_1753_s_2.jpg)
![](https://static.wixstatic.com/media/405022_b8506747399244a69e5d2d147be6b594~mv2_d_1404_1977_s_2.jpg/v1/fill/w_240,h_338,q_90/405022_b8506747399244a69e5d2d147be6b594~mv2_d_1404_1977_s_2.jpg)
![](https://static.wixstatic.com/media/405022_7e9ca85aa8da4b139cc5be7474ec55da~mv2_d_2048_1536_s_2.jpg/v1/fill/w_531,h_398,q_90/405022_7e9ca85aa8da4b139cc5be7474ec55da~mv2_d_2048_1536_s_2.jpg)
![](https://static.wixstatic.com/media/405022_531ede4037324bb3a774a5d90aa7da20~mv2_d_1697_1536_s_2.jpg/v1/fill/w_439,h_398,q_90/405022_531ede4037324bb3a774a5d90aa7da20~mv2_d_1697_1536_s_2.jpg)
ယနေ့ခေတ်မှာတွေ့မြင်ရတဲ့ မွှား (ခေါ်) tick နှင့်အလားတူ ထိုခေတ်အခါတုန်းက မွှားသည် တိရိစ္ဆာန်များရဲ့သွေးကို စုပ်ယူကာ အစာအဖြစ် သောက်သုံးလေ့ရှိပါတယ်။ အစာဖြည့်တင်းပြီးနောက်မှာ လတ်ဆတ်တဲ့ သစ်စေးထဲပြုတ်ကျကာ စေးကပ်ပြီးသစ်စေးထဲကနေ ပြန်ထွက်လို့မရတော့ပါဘူး။ သစ်စေးကတဖြည်းဖြည်းခြောက်လာတဲ့အခါ မာကျောလာပြီးမြေကြီးထဲမှာ နောက်ဆုံးနစ်မြှပ်သွားပါတယ်။ နှစ်သန်းတရာ ကြာလွန်ပြီးတစ်နေ့မှာ မြန်မာနိုင်ငံမှကျောက်တူးသမားတစ်ယောက်ဟာ အနက်ပေ ၃၀၀ မှတူးဖော်ပြီး ဤမွှားကို ပြန်လည်တွေ့ရှိရပါတယ်။
ယခုပြသထားတဲ့ အင်းဆက်မျိုးစိတ်ဟာ စနစ်တကျထိန်းသိမ်းထားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုဖြစ်သည့်အပြင် ကိုယ်ထဲမှာရှိတဲ့ သွေးဟာ ဒိုင်နိုဆောတစ်ကောင်မှတဆင့် စုပ်ယူခဲ့ခြင်းဖြစ်တယ်လို့လည်း ကောက်ချက်ချရပါတယ်။
![Tick (Acari) in amber](https://static.wixstatic.com/media/405022_5e821130a8384e14adc3b21da4799d1b~mv2_d_1775_1825_s_2.jpg/v1/fill/w_269,h_277,al_c,q_80,usm_0.66_1.00_0.01,enc_avif,quality_auto/IMG_20180828_102809.jpg)
Tick (Acari) in amber
ပုံထဲမှာတွေ့မြင်ရတဲ့မျိုးစိပ်ကို မကြာခင်မှာ သိပ္ပံပညာရှင်များမှတဆင့် သုတေသနပြုလုပ်ပြီး အတည်ပြုပေးရန် စီစဉ်နေပါပြီ။ အလွန့်အလွန်ရှားပါးလှသော (သို့) ကမ္ဘာပေါ်၌ တစ်ခုတည်းသော မျိုးစိတ်ဖြစ်မှာ အသေအချာပါပဲ။ သင့်ကိုအံ့သြသွားစေတယ်ဆိုရင်တော့ မိမိအနေနဲ့ အကောင်ပါပယင်းများကို ကိုယ်ပိုင်စုဆောင်းပစ္စည်းတစ်ခုအဖြစ် စတင်စုဆောင်းကြည့်ပါ။ ပယင်းကျောက်ကိုလိုက်လံစုဆောင်းတတ်တဲ့ ဝါသနာကတော့ အခြားပစ္စည်းတွေကိုစုဆောင်းရတာနဲ့ လုံးဝမတူပါဘူး။ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်တဲ့ သာမန်ကျောက်ကို စုဆောင်းရတာမျိုးမဟုတ်ဘဲ ပယင်းဟူသည့် ဘေးအကာကွယ်နှင့်အတူ မပျက်စီးသေးသောမျိုးစိတ်ကို စုဆောင်းလိုက်တာမျိုးပဲ ဖြစ်ပါတယ်။
သင်စိတ်ဝင်စားတဲ့မျိုးစိတ်ဟာ wasp သာဖြစ်နေမယ်ဆိုရင် wasp မှာမျိုးစိတ်ပေါင်း ၇၅,၀၀၀ ရှိနေတာ ဖြစ်တဲ့အတွက်ကြောင့် ပျော်ပျော်ကြီးလိုက်လံရှာဖွေပြီး စုဆောင်းရပြီပေါ့။
အခုလောက်ဆို ကျွန်တော်ဆိုလိုတဲ့ သဘောတရားတွေကို တဖြည်းဖြည်းနားလည်လာပြီလို့ ထင်ပါတယ်။
အစမှာကျွန်တော်ပြောခဲ့တဲ့ စကားအတိုင်း - Eve အမည်ရှိ ပယင်းထဲမှအကောင်လေးတစ်ကောင်၏ ထူးခြားဆန်းကြယ်သော ဇာတ်လမ်းလေးတစ်ပုဒ် ကို ကျွန်တော်ပြောပြပါမယ်။
ကျွန်တော်ရဲ့ခရီးစဉ်ဟာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တော်ကြီးမှာ စတင်ခဲ့ခြင်းဖြစ်ပါတယ်။
![Bogyoke Market](https://static.wixstatic.com/media/405022_0a5e12c7cd624e4e96a571a5511f854b~mv2_d_2048_1536_s_2.jpg/v1/fill/w_456,h_342,al_c,q_80,usm_0.66_1.00_0.01,enc_avif,quality_auto/OI000306.jpg)
Bogyoke Market
မြို့တော်ရဲ့အနှစ်သာရတစ်ခုဖြစ်တဲ့ နာမည်ကျော်ဗျိုလ်ချုပ်အောင်ဆန်းဈေးအတွင်းမှာ လက်မှုဆိုင်ရာပစ္စည်းများနဲ့ ကျောက်မြတ်ရတနာများကိုရောင်းချနေတာ တွေ့မြင်ရပါတယ်။
![Bogyoke Market](https://static.wixstatic.com/media/405022_3ad1b224ce3e427696e2fcd183f131fb~mv2_d_1915_1436_s_2.jpg/v1/fill/w_439,h_329,al_c,q_80,usm_0.66_1.00_0.01,enc_avif,quality_auto/OI000318.jpg)
![Bogyoke Market](https://static.wixstatic.com/media/405022_05bab07621bb48929af8da55d33c069a~mv2_d_1536_2048_s_2.jpg/v1/fill/w_245,h_327,al_c,q_80,usm_0.66_1.00_0.01,enc_avif,quality_auto/OI000310.jpg)
Bogyoke Market
အဆောက်အအုံကြီးဟာ အိုဟောင်းနေပြီဖြစ်ပေမဲ့ အများအစား ပြုပြင်မွမ်းမံထားခြင်းမျိုး မရှိပါဘူး။ ဒါကြောင့်ခေတ်မှီကုန်တိုက်တွေ မပေးစွမ်းနိုင်တဲ့ ရှေးကျတဲ့အနှစ်သာရကို ခံစားရရှိနိုင်ပါတယ်။ ဒီဈေးကြီးတည်တံ့နေသရွေ့ ကမ္ဘာတဝှမ်းမှာရှေ့ဟောင်းအလှတစ်ခုအနေနဲ့ ဆက်လက်ကျော်ကြားနေဦးမှာပဲ။
![Gem traders](https://static.wixstatic.com/media/405022_50b5ab226f8b426f8a09a5045f0d80d8~mv2_d_1640_1464_s_2.jpg/v1/fill/w_326,h_291,al_c,q_80,usm_0.66_1.00_0.01,enc_avif,quality_auto/OI000278.jpg)
![Gem traders](https://static.wixstatic.com/media/405022_c0a735f5f6884b69bef09d6932280d29~mv2_d_1417_1345_s_2.jpg/v1/fill/w_307,h_291,al_c,q_80,usm_0.66_1.00_0.01,enc_avif,quality_auto/OI000285.jpg)
Gem Traders
ဈေးအတွင်းရဲ့ လျောက်လမ်းတစ်လျောက်မှာ ၁၉၂၀ခုနှစ် ဗြိတိသျှအုပ်စိုးစဉ်ကာလတုန်းက အသုံးပြုခဲ့တဲ့ လမ်းခင်းကျောက်ခဲများကိုခင်းကျင်းထားတာတွေ့ရပါတယ်။ လမ်းတလျှောက်ကို လိုက်ကြည့်တဲ့အခါမှာ ကျောက်မြတ်အရောင်းအဝယ်သမားများ ပြည့်နှက်လျက်ရှိနေပါတယ်။ နီလာနဲ့ ပတ္တမြားအကြောင်းများကို တမေ့တမောဖလှယ်ရင်း နေ့လည်ခင်းဆို နေ့တိုင်းနီးပါး လက်ဖက်ရည်သောက်နေတတ်ကြပါတယ်။
လူစည်ကားပြီး အုပ်အုပ်ကျပ်ကျပ်ဖြစ်နေတဲ့ကြားထဲမှာ ဈေးထိုင်ရောင်းနေတဲ့ မြစ်ကြီးနားကအမျိုးသမီးတသိုက် ရှိကြပါတယ်။ ပယင်းထွက်ရှိတဲ့မှော်များအနီး မြောက်ဘက်ပိုင်းဒေသမှတဆင့် ရန်ကုန်ကိုဆင်းပြီး ပယင်းကျောက်တွေနဲ့ လက်ဝတ်တန်ဆာများကို ရောင်းချလေ့ရှိပါတယ်။
![Myitkyina Ladies and Gem Traders](https://static.wixstatic.com/media/405022_30d01906d7644b5bb9de93f83a8afcfb~mv2_d_1701_1394_s_2.jpg/v1/fill/w_416,h_341,al_c,q_80,usm_0.66_1.00_0.01,enc_avif,quality_auto/OI000184%20(1).jpg)
![Myitkyina Ladies and Gem Traders](https://static.wixstatic.com/media/405022_ca6987d4d33a4e4788a44d0f72c7d090~mv2_d_1384_1520_s_2.jpg/v1/fill/w_310,h_340,al_c,q_80,usm_0.66_1.00_0.01,enc_avif,quality_auto/OI000284.jpg)
Myitkyina Ladies and Gem Traders
ပယင်းအရိုင်းတုံးများကို ကျောက်တူးသမားတွေကတဆင့်ဝယ်ယူပြီး ကိုယ်တိုင်ကျောက်သွေး၊ အရောင်တင်ကာ လက်ဝတ်တန်ဆာများအဖြစ် ပြုလုပ်ရောင်းချကြတာပါ။ အကယ်၍သာ အကောင်ပါတဲ့ပယင်းမျိုး လက်ထဲရောက်လာတဲ့အခါ ဝင်ငွေပိုကောင်းမှာပဲဆိုပြီး ပျော်နေတတ်ပါတယ်။
![Myanmar amber mines](https://static.wixstatic.com/media/405022_0c345750be4b4339bf4ca3b448eea27d~mv2.jpeg/v1/fill/w_344,h_612,al_c,q_80,usm_0.66_1.00_0.01,enc_avif,quality_auto/received_1879766662286548.jpeg)
![Myanmar amber mines](https://static.wixstatic.com/media/405022_3ca3aa91689146c790df169d92328866~mv2.jpeg/v1/fill/w_524,h_295,al_c,q_80,usm_0.66_1.00_0.01,enc_avif,quality_auto/received_1879766425619905.jpeg)
Myanmar amber mines
![Myanmar amber mines](https://static.wixstatic.com/media/405022_cfbe5adc9ce748ba9962e40276fe559f~mv2.jpeg/v1/fill/w_331,h_248,al_c,q_80,usm_0.66_1.00_0.01,enc_avif,quality_auto/received_1879766468953234.jpeg)
ဒီလိုနဲ့ပဲ နေလည်ခင်းတခင်းမှာ ကျွန်တော့ရှေ့ကို ငယ်ငယ်ရွယ်ရွယ်အမျိုးသမီးတစ်ယောက် လူအုပ်ကြားထဲကထွက်လာပြီး ပယင်းကျောက်လာပြပါတယ်။ ကျွန်တော်ကလည်း ပယင်းတစ်မျိုးတည်းကိုပဲ စိတ်ဝင်စားတယ်ဆိုတာကို အနီးနားကလူအားလုံး သိနေကြတာမို့ အမြန်ရောင်းထွက်သွားမလားဆိုပြီး လာရောင်းတာဖြစ်မှာပါ။
သူမလာပြတဲ့ပယင်းက သိပ်မကြီးဘူးဆိုပေမဲ့ ပုလင်းအဖုံးဆိုဒ်လောက်တော့ရှိပါတယ်။ ပယင်းဟာကြည်လင်နေတဲ့အတွက်ကြောင့် ပယင်းအတွင်းမှာ အရာတစ်ခုခုရှိနေတာကိုမြင်နေရပါတယ်။ အစကတော့ အပင်ပဲဖြစ်မှာပါဆိုပြီး ငြင်းဖို့ဆုံးဖြတ်လိုက်တဲ့အခါ ရောင်းဈေးကသင့်မြတ်တာမလို့ လက်ဝတ်ရတနာပြုလုပ်ဖို့အတွက် ကျွန်တော်ဝယ်လိုက်ပါတယ်။ ဈေးဆစ်ဖို့တောင်မလိုအပ်ခဲ့ပါဘူး။ တခါတရံမှာတော့ ဈေးမဆစ်လိုက်တာက ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ရောင်းသူတွေအနေနဲ့ တခြားသူထက်စာရင် ကိုယ့်လူကိုဦးစားပေးပြီး ပြဖို့အတွက် သက်သက်ကို ချန်ထားပေးတတ်ကြပါတယ်။ ကျွန်တော် ထိုကျောက်ကိုငွေချေလိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲ ထည့်လိုက်ပါတယ်။
![Myanmar Amber](https://static.wixstatic.com/media/405022_a78eeeed05c340779b0f8d362857e05f~mv2_d_2048_1536_s_2.jpg/v1/crop/x_9,y_0,w_2031,h_1536/fill/w_357,h_270,al_c,q_80,usm_0.66_1.00_0.01,enc_avif,quality_auto/OI000232.jpg)
အိမ်ပြန်ရောက်ပြီးနောက် ဓာတ်မီးနဲ့ မှန်ဘီလူးကိုကိုင်ပြီး အတွင်းထဲကအရာကို သေချာလေ့လာကြည့်ပါတယ်။ တဖြည်းဖြည်းနဲ့ ပုံသဏ္ဍန်က ပေါ်စပြုလာပါပြီ။ သိပ္ပံပညာရှင်များကလည်း မြန်မာ့ပယင်းမှာပါတဲ့ အပင်နဲ့အကောင်တွေက တကယ်ပဲထူးခြားဆန်းကျယ်တယ်ဆိုတာကို စတင်နားလည်သဘောပေါက်လာကြပါပြီ။
ဖတ်လက်စကို ဆက်ဖတ်ရင်းနဲ့ ဒီပုံပြင်လေးရဲ့ဇာတ်သိမ်းကို ကျွန်တော်အဆုံးမှာ နိဂုံးချုပ်ပေးပါမယ်။
ပယင်းကိုကျွန်တော်ဘာကြောင့်နှစ်သက်ရတာလဲ ? ကျွန်တော်စုဆောင်းထားတဲ့ပယင်းတွေကြောင့် ကျွန်တော်အနားရပါတယ်။ နောက်ထပ်ဘာတွေများရှာဖွေတွေ့ရှိဦးမလဲဆိုတဲ့ အတွေးတွေနဲ့ပေါ့။ ကျွန်တော်ကိုယ်တိုင်ဘာမှန်းမသိတဲ့အရာကို သိရဖို့အတွက် သေချာလေ့လာကြည့်ဖူးပါတယ်။ နောက်ထပ်ပယင်းအသစ်တွေကိုလည်း ဓာတ်မီးနဲ့မှန်ဘီလူးကိုယူပြီး ကျွန်တော်ကိုယ်တိုင် စူးစမ်းလေ့လာကြည့်ဖို့အတွက် တကယ်စိတ်အားထက်သန်နေပါပြီ။
ကျွန်တော်သားသမီးတွေလည်း သိပ္ပံဘာသာရပ်ကိုသင်ယူရာမှာ အထောက်ကူဖြစ်တာမို့ သူတို့ကိုယ်တိုင်စိတ်ပါလက်ပါဖြစ်နေတာတွေ့ရပါတယ်။ ပယင်းကိုလေ့လာရတာက ကိုယ်မသိတဲ့အခြားကမ္ဘာတစ်ခုအကြောင်းကို လေ့လာနေရသလိုပါပဲ။ အခုဆိုရင်ဘယ်နေရာသွားသွား သဘာဝပန်းဝန်းကျင်ကို ပိုသတိထားမိပြီး အပင်တွေအကောင်တွေကို လိုက်ကြည့်ဖြစ်ပါတယ်။ နှစ်သန်းတစ်ရာတုန်းကရော အခုတွေ့နေရတာနဲ့ တူရောတူရဲ့လားပေါ့။
ကိုယ်ပိုင်စုဆောင်းမှုတစ်ခု စကြည့်ဖို့ ကျွန်တော်အထူးတိုက်တွန်းပါတယ်။ သင့်ကို ဒီစုဆောင်းမှုက အမြဲတမ်းကြည်နူးစေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ပယင်းအပေါ်နှစ်ခြိုက်လာတဲ့ အရသာကို ကျွန်တော်ခံစားတတ်လာသလိုမျိုး သင်လည်းထပ်တူခံစားချက်မျိုး ခံစားမိလာမှာပါ။
ပြီးတော့နောက်ထပ်တစ်ခုက သင်စောင့်မျှော်နေတဲ့ Eve ဆိုတာဘာများဖြစ်မလဲ?
တကယ်တော့ ဒီပယင်းကို လေ့လာစမ်းသပ်ထားတဲ့ သုတေသန စာရွက်စာတမ်းတွေ မရှိခဲ့ဖူးသေးပါဘူး။ လက်ရှိအနေအထားမှာ Eve ကို ခန့်မှန်းခြေသာပြောနိုင်ပါသည်။
Dinosaur တကောင်လည်းဖြစ်နိုင်ပါတယ်။
Pterosaur တကောင်လည်းဖြစ်နိုင်ပါတယ်။
Microraptor တကောင်လည်းဖြစ်နိုင်ပါတယ်။
Proavis တကောင်လည်းဖြစ်နိုင်ပါတယ်။
(သို့မဟုတ်)
ဆင့်ကဲဖြစ်စဉ်ကတဆင့် နောက်ထပ်မျိုးစိတ်သစ်အနေနဲ့ ပေါ်ထွက်လာမဲ့ အကောင်တကောင်လည်းဖြစ်နိုင်ပါတယ်။
အကယ်၍ အပင်တစ်ခုသာဖြစ်နေရင်?
ထူးခြားလွန်းတဲ့ ကျွန်တော်တို့ပယင်းကို သုတေသနပြုလုပ်ပြီး စာတမ်းပြုစုတာတွေ ဆက်လက်သိရဖို့အတွက် အောက်မှာပေးထားတဲ့ Sign up ကိုနှိပ်ပြီး နောက်ဆုံးသတင်းအချက်လက်များကို ဒီနေ့ပဲရယူလိုက်ပါ။
By The Director of
Myanmar Amber Museum